လာရောက်သူများကိုကြိုဆိုပါ၏။

Wednesday, September 21, 2011

ချစ်သူလေးအတွက်

ကောင်မလေးရေ........
ငါ့ရင်ခွင်ဟာ
နင်ပျံသန်းဖို့ 
သစ်ကိုင်းတစ်ခုပါ
နင်ပျော်မယ်ဆို
( ရင်ထဲမှာငိုနေလဲ)
ပြုံးပြဖို့ ဝန်မလေးဘူး
ငါ့အသည်းကိုခွဲပေးဖို့ လဲ
မငြင်းဆိုပါဘူး
နင့်အတွက်ဆိုအရာရာပေးဆပ်
စတေးမဲ့သူပါ
ဒါပေမဲ့ကွယ်
ငါ့ရဲ့ ပေးဆပ်ခြင်းက
နင့်အတွက်ဆို
ခါးသတ်သတ်ဖြစ်နေသလား
ကောင်မလေးရယ်
နင်မငိုစေရပါဘူး
နင်မလိုချင်တဲ့ 
ငါ့အချစ်တွေကို
နှလုံးသားအကျဉ်းထောင်ထဲမှာ
အပြီးအပိုင်ဖွတ်နှံထားလိုက်ပါပြီကွယ်
ကောင်မလေးရေ
တခြားကောင်းကင်တစ်ခုမှာ
လွတ်လွပ်စွာပျံသန်းပါတော့..............

No comments:

Post a Comment